333 WORDS က ကြိုဆိုပါတယ်။ အင်္ဂလိပ်စာကို ဒီကမ္ဘာဂြိုဟ်ပေါ်မှာ အမြန်ဆုံးသင်ယူနိုင်မယ့် နည်းလမ်းပါ။

 

“333 WORDS က ကမ္ဘာ အနှံ့က အင်္ဂလိပ်စာ စတင်သင်ယူမယ့် Beginner Level ကျောင်းသား၊ကျောင်းသူများကို အရွယ်မရွေးပဲ ကွန်ပျူတာနဲ့ ဖုန်းတွေပေါ်ကနေတင် အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကို အသုံးပြုပြီး သင်ကြားပေးသွားမှာပါ။”  

John Eyles –(ဂျွန်အိုင်းလ်) – နိုင်ငံတကာ အသိအမှတ်ပြုအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပညာရှင် 

 

နည်းပညာမြင့်မားပြီး ရုပ်သံစနစ်ကျနမှုနည်းပညာကိုအသုံးပြုထားတာကြောင့် နာရီအနည်းငယ်အတွင်းမှာပဲ အခြေခံအင်္ဂလိပ်စာကိုနားလည် ပြောဆိုနိုင်မှာပါ။ မယုံနိုင်စရာကောင်းအောင်ကို လွယ်ကူတယ်…မြန်ဆန်တယ်…. ပြီးတော့ အခမဲ့လည်း ဖြစ်ပါတယ်။

  • 333 WORDSဟာ သင်ကြားမှုပုံစံအသစ်ဖြစ်တဲ့ ကော်လံစနစ်နဲ့ သေချာရွေးချယ်ထားတဲ့ စကားလုံး ၃၃၃ လုံးကို ပေါင်းစပ်ထားတာပါ။

  • အဘက်ဘက်က မြင့်မားတဲ့နည်းပညာနဲ့ 333 WORDS ကတော့ လူတိုင်းကို အခြေခံအင်္ဂလိပ်စာ ခဏအတွင်း မယုံနိုင်လောက်အောင် ကျွမ်းကျင်စေမှာပါ။

 

 

လူတွေက အင်္ဂလိပ်စာကိုခက်တယ်ပြောကြတယ်။ အမှန်တော့ အဲဒီလို မခက်ခဲသင့်ပါဘူး။

အင်္ဂလိပ်စာမှာ တခြားဘာသာတွေထက် အားသာချက်တွေအများကြီးရှိပါတယ်။

  • အင်္ဂလိပ်စာမှာ တချို့ ဘာသာစကားတွေလို အရာရာ အထီး၊အမ ခွဲနေဖို့မလိုပါဘူး။
  • အင်္ဂလိပ်စာဟာ ပေါ့ပေါ့ပါးပါးပါပဲ။ (အသက်အရွယ်လိုက်ပြီး အသုံးအနှုန်း ပြင်စရာမလိုပါဘူး)
  • အင်္ဂလိပ်စာမှာ ကြိယာပုံစံပြောင်းလဲမှုဟာ အခြားဘာသာတွေနဲ့နှိုင်းရင် အရမ်းနည်းပါတယ်။
  • စကားလုံး ၂ လုံးနဲ့ အတိတ်ရော အနာဂတ်အတွက်ပါ အင်္ဂလိပ်လိုပြောနိုင်ပါတယ်။
  • နောက်ဆုံးတစ်ခုကတော့ အင်္ဂလိပ်စာဟာ အင်ဒိုယူရိုပီယမ် ဘာသာစကားများနဲ့ စကားလုံးတော်တော်များများ ဆင်တူသုံးနိုင်ပါတယ်။

အောက်ကိုကြည့်ပါ။ ဒါကတော့333 WORDS က သင့်ရဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေမှာ ဘယ်လိုပေါ်မလဲဆိုတာ ပြထားပါတယ်။ လွယ်ကူမြန်ဆန်ပါတယ်။

လူတော်တော်များများဟာ ဘာကြောင့် အင်္ဂလိပ်စာကို ခက်တယ်လို့ ထင်ကြပါသလဲ။

  • အင်္ဂလိပ်လို စာလုံးပေါင်း၊ အရေးအသားနဲ့ အသံထွက် တွေက ခက်ပါတယ်။ ၃၃၃ စကားလုံးများကတော့ အဘက်ဘက်က မြင့်မားတဲ့စနစ်နည်းပညာတွေနဲ့ ဒါတွေကို ဖြေရှင်းလိုက်ပါပြီ။ Yay!
  • အတိတ်နဲ့အနာဂတ်ပြကာလများကို ဖော်ပြပြောဆိုဖို့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားနေရနိုင်ပါတယ်။ ဒါပေမယ့် ၃၃၃ စကားလုံးများကတော့ စကားလုံးလေး၂ လုံးတည်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လေ။
  • အင်္ဂလိပ်စာအတန်းများမှာ အရေးမပါတဲ့အကြောင်းအရာများ၊ ယုတ္တိမကျတဲ့ ဖွဲ့စည်းပုံများ၊ နည်းစနစ်ကျတဲ့ ဖွဲ့စည်းပုံရှိခဲ့ရင်တောင် ဝေါဟာရများကို အလွန်များပြားစွာထည့်သွင်းထားခြင်းတို့ကို မကြာခဏတွေ့မြင်နိုင်ပါတယ်။
  • ကျောင်းသားများနဲ့ ဆရာများဟာ စာသင်ရင်းနဲ့ လမ်းပျောက်လာကြရပါတယ်။ ကြိယာနှင့် နာမဝိသေသန သဘောနှစ်မျိုးဆောင်တဲ့ စာပိုဒ်များ၊ စကားဖွဲ့ ၈ ရပ် နဲ့ “ငါ” နာမ်စားအသုံးပြုမှုများဟာ အင်္ဂလိပ်စာသင်ယူရင်း တဖြည်းဖြည်းရိပ်မိနားလည်သွားတတ်တဲ့ အရာမျိုးတွေပါ။
  • အင်္ဂလိပ်စာကို မိခင်ဘာသာစကားမဟုတ်တဲ့ ဆရာ၊ဆရာမတွေဟာ တခါတရံမှာတော့ အင်္ဂလိပ်လို အသံထွက်တွေ မမှန်နေတတ်ပြန်ပါဘူး။

333 WORDS က ဘယ်လို အလုပ်ဖြစ်ပါသလဲ။

  • 333 WORDS မှာ အသုံးများတဲ့ အင်္ဂလိပ်စကားလုံး ၃၃၃ လုံးကို သေသေချာချာစနစ်တကျ ရွေးထားပါတယ်။ အဓိက အခြေခံစကားလုံးများဖြစ်တဲ့ ငါ၊ မင်း၊ သူတို့၊ ရှိ၊ လိုချင်၊ လိုအပ် ၊ကြိုက်၊ တစ်ခု၊ ခွေး၊ ပီဇာ၊ ကား၊ နှင့်၊ သို့မဟုတ်၊ သွား၊ ပြေး၊ လမ်းလျှောက် စတဲ့ စကားလုံးတွေ ထည့်သွင်းထားပါတယ်။

 

  • ဒီစကားလုံး ၃၃၃ လုံး ကို ချက်ချင်း တန်းသင်ယူရမှာ မဟုတ်ပဲ တဖြည်းဖြည်းချင်း အချိတ်အဆက်မိမိ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ စိတ်အာရုံစူးစိုက်မှုလျော့မသွားစေပဲ သဘာဝကျကျ သင်ယူရမှာ ဖြစ်ပါတယ်။

 

  • ဒီစနစ်ဟာ သင်ယူမှုနည်းအသစ်ဖြစ်တဲ့ ကော်လံတွေကိုအခြေခံထားတဲ့ စနစ်ဖြစ်ပြီး ကျောင်းသားတွေအတွက် ကော်လံတစ်ခုချင်းစီက စကားလုံးတစ်လုံးတိုင်းဟာ အခြားကော်လံတစ်ခုစီက စကားလုံးတစ်ခုချင်းစီတိုင်းနဲ့ အဓိပ္ပါယ်ရှိရှိ ဆက်စပ်နေမှုကို သင်ယူနိုင်မှာပါ။ ဒီကော်လံတွေကိုအခြေခံထားတဲ့ သင်ယူမှုစနစ်ကြောင့် ကျောင်းသားတွေအတွက် အင်္ဂလိပ်စာကို အောင်အောင်မြင်မြင်သင်ယူနိုင်စေတဲ့အပြင် အမှားလုပ်မိမှာကြောင့်ကျစိတ်ကိုလည်း လျော့ပါးစေပါတယ်။ ကျောင်းသားရဲ့ သင်ယူမှုစွမ်းရည်ကိုလည်း သိသိသာသာမြင့်တက်လာစေတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

 

333 WORDS ဟာ နည်းပညာမြင့်မားမှုတွေနဲ့အတူ ယုံနိုင်စရာမရှိလောက်အောင် ကောင်းမွန်တဲ့စနစ်ကို အသုံးပြုပြီး ကျောင်းသားများအတွက် မြင့်မားလာတဲ့စွမ်းဆောင်နိုင်ရည်တွေနဲ့အတူ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော နဲ့ နားထောင်မှုစွမ်းရည်တွေကို ပိုမိုလုပ်ဆောင်လာနိုင်စေတယ်၊ ဒီပရိုဂရမ်ဟာ အရမ်းကိုအဆင်ပြေလွယ်ကူစေတဲ့အတွက် ကျောင်းသားများအနေနဲ့ အချိန်ရရင်ရသလောက် ပိုင်ပိုင်နိုင်နိုင် လေ့ကျင့်သွားနိုင်ပါတယ်။ လို့ အင်္ဂလိပ်ဘာသာဗေဒပညာရှင် John Eyles ကပြောသွားပါတယ်။

333 WORDS ကို GooglePlay မှာ အခမဲ့ ရယူနိုင်ပြီး ဖုန်း၊ ကွန်ပျူတာ၊ အိုင်ပတ်များမှာ ထည့်ထားနိုင်ပါတယ်။

 

မိတ်ဆက်သင်ခန်းစာကတော့ အခမဲ့ပါ။ Yay! 

 

ပိုရှင်သန်ပါ၊ ပိုသင်ယူပါ။

333 WORDS ကို အခုပဲ ရယူလိုက်ပါ။

333 WORDS ကို လက်ရှိမှာတော့ စပိန်၊ ဘရာဇီးလီယမ် ပေါ်တူဂီ နဲ့ တရုတ်မန်ဒရင်း ဘာသာစကားများအတွက် ရရှိနိုင်ပါပြီ။

ကမ္ဘာကြီးရဲ့ ဆက်သွယ်မှုပုံစံတွေကို ပြောင်းလဲပစ်လိုက်ပါပြီ။